Posts

Showing posts from February, 2022

Black Hole

 တွင်းနက် ဝီကီမီဒီယာ ပရောဂျက်များသို့ ပံ့ပိုးသူများ7-9 minutes 02/01/2015 ဘဲဥပုံစံ ဂလက်ဆီ Messier 87 ၏ အလယ်ရှိ နေထုထည်ပေါင်း ၇ ဘီလီယံနီးပါးခန့်ရှိသေ[၁]ာ အင်မတန်ကြီးမားသည့် တွင်းနက်ကြီးကို Event Horizon Telescope မှ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရိုက်ကူးထားပုံဖြစ်သည်။[၂][၃][၄] တွင်းနက် (အင်္ဂလိပ်: Black Hole) ဆိုသည်မှာ အာကာသအတွင်း အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးရာတွေထဲက တစ်ခုဖြစ်သည်။ သူတို့သည် သိပ်သည်းဆ အလွန်များပြားသောအရာများ ဖြစ်သည်။ အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ (Relativity Theory) အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေ ဖြစ်သည်။ ဒြပ်ဆွဲငင်အားအလွန်ကြီးမားသောကြောင့် စကြဝဠာထဲတွင် အမြန်ဆုံးဟုဆိုသော အလင်းတောင် ပြန်မထွက်နိုင်ပေ။[၅] တွင်းနက်က ထွက်လာသည့် အလင်းမရှိသောကြောင့် တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးအနားမှာရှိသော ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ဝိသေသလက္ခဏာတွေကတဆင့် တွင်းနက်ရဲ့ တည်ရှိမှုကို သိရှိနိုင်သည်။ တွင်းနက်များ၏ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်းက အဲလ်ဘတ် အိုင်းစတိုင်းက သူ၏ ဂန္ထဝင် ယေဘုယျနှိုင်းရသီအိုရီတွင် ခန့်မှန်းပြီးသားဖြစ်သည်။ တွင်းနက် ...